" Quantum world ၏ အံ့ဖွယ်များကို နည်းပညာအတွက်အသုံးချခြင်း"
Quantum
Mechanics ကိုလေ့လာသူတိုင်း နားမလည်စရာတွေ၊ အံ့သြဖွယ်တွေနဲ့
ရင်ဆိုင်ကြရပါတယ်။ သို့ပေမယ့် လူသားတွေကို ဒီအံ့ဖွယ်ဘာသာရပ်က ဘယ်လို
အကျိုးပြုပါသလဲ?
မျက်မှောက်ခေတ်
နည်းပညာအားလုံးဟာ quantum mechanics ဖွံ့ဖြိုးမှုနဲ့အတူ
တိုးတက်လာတာဖြစ်ပါတယ်။ Modern Technology ရဲ့စတင်ရာ အားလုံးဟာ Quantum
Mechanics ဖြစ်ပါတယ်။ ဆယ်တန်းမှာ Modern Physics
အခန်းကို သေချာသင်ယူခဲ့သူအားလုံး သိမှာပါ။ Quantum world
ရဲ့တွေ့ရှိမှုတွေကနေ diode,transistor, integrated circuit
စတဲ့ သေးငယ်ပြီးအသုံးဝင်လှတဲ့ လျှပ်စစ်ပစ္စည်းတွေ တည်ဆောက်နိုင်ခဲ့ကြတယ်။
ဒီအရာတွေကနေ Television, Computer, Radio, Telecommunication စတာအားလုံး "၊
သင် ယနေ့ မရှိမဖြစ်သုံးနေတဲ့ လျှပ်စစ်နဲ့ ပက်သက်သမျှအားလုံးဟာ modern
physics သို့မဟုတ် Quantum Mechanics ကနေ ဖွံ့ဖြိုးလာတာတွေပါ။
လေ့လာလေ တွေ့ရှိလေဆိုသလို particle တို့ရဲ့ ဆန်းပြတဲ့ အပြုအမူတွေကို လက်တွေ့နည်းပညာနယ်ပယ်မှာ အသုံးချနိုင်ဖို့ ကြိုးစားနေကြပါတယ်။
သိပ္ပံ
ဇာတ်လမ်းများတွင်တော့ လူတွေကိုယ်တိုင်ပါ teleport လုပ်နိုင်လောက် အောင်
နည်းပညာမြင့် နေပြီ ဖြစ်သည် :P။လက်တွေ့မှာတော့ အထုအထည်နဲ့ ပစ္စည်းတွေကို
teleport လုပ်နိုင်တဲ့ နည်းပညာကတော့
နှစ်ထောင်ချီကြာတောင် တွေ့ဖို့မလွယ်သေးပါ။
အဲလောက်မကြာခင်လည်း တွေ့ရင်တွေ့မှာပေါ့။ Who knows? ဒါပေမယ့်လူတွေ
Entanglement ကိုသုံးပြီး အာကာသထဲမှာ အဝေးကြီး ခရီးသွားလာဖို့ကတော့
မဖြစ်နိုင်ပါ။ Teleport လုပ်နိုင်ဖို့ အတွက် ကိုယ်သွားမယ့် နေရာမှာ
ကိုယ်နဲ့ အတိအကျ entangled ဖြစ်နေတဲ့ particle အားလုံးရှိနေဖို့ လိုပါတယ်။
Teleport လုပ်ဖို့ဒီ entangled particle တွေကိုယ် တစ်ခုခုနဲ့
ကိုယ်သွားမယ့်နေရာဆီ အရင်သယ်ဆောင်သွားဖို့လိုပါတယ်။ သယ်ဆောင်သွားမယ့် ယာဉ်က
အလင်းထက် ဘယ်လိုလုပ်မြန်ပါ့မလဲ။ဒီတော့ entanglement သုံးပြီး
အလင်းနှစ်အဝေးကြီးဆီက နေရာတွေကို ရောက်မှာ မဟုတ်ပါ။
သို့ပေမယ့် ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်၊ သို့မဟုတ် ကမ္ဘာပေါ်က ကြိုက်တဲ့ နေရာ ကို အချိန်မကုန်ဘဲ ချက်ချင်းသွားလာနိုင်မှာပေါ့။
နောက် တစ်ခုကတော့ " Quantum Computer" ပါ။

Computer တွေရဲ့ မူလ အခြေခံဟာ 0 သို့မဟုတ် 1 ဆိုတဲ့ binary digit နဲ့ တည်ဆောက် ထားတဲ့ logic gate များဖြစ်ပါတယ်။ signal ဟာ 0 or 1 ကို တလှည့်စီသာ သွားရပါတယ်။Quantum computer တွေမှာတော့ particle တွေရဲ့ တစ်ချိန်တည်းနေရာအနှံ့ရှိနေမှုကို သုံးပြီးတော့ 0 and 1 ကို တစ်ပြိုက်တည်း သွားပါတယ်။ နှစ်ကိုယ်ခွဲလိုက်သလို မျိုးပေါ့။ ဒီ အခြေခံ binary digit နှစ်ခုထဲကို တပြိုက်တည်းသွားသလို မြင့်မားတဲ့ 8 bit , 16 bit များကိုယ်လည်း တပြိုင်တည်း တွက်နိုင်စွမ်းရှိပါသတဲ့။ အဲတော့ Quantum Computer ရဲ့ CPU speed ကို ခန့်မှန်းနိုင်မယ် ထင်ပါတယ်။ Computer ရဲ့ calculation ပိုင်းကို superposition ကိုသုံးသလို data bus transfer ပိုင်းကိုလည်း " Entanglement" ကို သုံးထားပါတယ်။ ဒီတော့ data စီးဆင်းမှုဟာလည်း ဘယ်လောက်မြန်ဆန်မလည်း သိနိုင်မှာပါ။

Quantum
Computer တွေကို ပထမဆုံးအနေနဲ့ MIT က သိပံ္ပပညာရှင် Seith Lloyd ကဦးဆောင်
ဖန်တီးနေတာပါ။ အခုတော့ IBM, Google စတဲ့ နည်းပညာ companies တွေလည်း
စမ်းသပ်ဖန်တီးနေပြီ ဖြစ်ပါတယ်။ သို့ပေမယ့် အခြေခံ binary digit
ကနေအသစ် ပြန်လည် ဖန်တီး design ထုတ်ရတာဆိုတော့ Computer တွေကို
စဦးတီထွင်ကာစကလိုပဲ ယနေ့သုံးနေတဲ့ computer တွေအဆင့်အထိ
မတက်လှန်းနိုင်သေးပါဘူး။ 8 bit processing လောက်အထိသာ လုပ်နိုင်သေးပါတယ်
(
ကျွန်တော်ကြားသလောက်)။ ဒါပေမယ့် နည်းပညာဆိုတာ အချိန်နဲ့ အမျှ
တိုးတက်နေတာဆိုတော့ နောက် တစ်နှစ်နှစ်နှစ်အတွင်း ရနိုင်မလားဆိုတာတောင်
ဘယ်သူမှ မပြောနိုင်ပါဘူး။ Quantum bit ကို အသုံးပြုတဲ့
computer တွေသာ ပေါ်ထွန်းလာခဲ့ရင် computer သမိုင်းကြောင်းက
တစ်ခေတ်ဆန်းစေမှာပါ။ အိမ်သုံး computer လေးရဲ့ စွမ်းရည်ကတောင်
ယနေ့အမြန်ဆုံး super computer ကြီးတွေလောက် ရှိနေမှာပါ။ဒီလိုပါပဲ ၁၉၆၀
တုန်းက American လေတပ်အခြေစိုက်စခန်းတစ်ခုရဲ့ computer စွမ်းရည်ပေါင်းဟာ
ယနေ့ခေတ် iphone တစ်လုံးရဲ့ စွမ်းရည်နဲ့ အတူတူပါပဲ( ဒါတောင်
4s နော်)။နောင်ကိုလည်း အိမ်သုံး computer တစ်လုံးစွမ်းရည်ဟာ Google server
ကြီးတစ်ခုစာလောက် မဖြစ်လာဘူးလို့ မပြောနိုင်ပါဘူး။
Quantum world ရဲ့ ဆန်းကြယ်မှုတွေကို လက်တွေ့မှာ အသုံးချနိုင်မယ်ဆိုရင် လူ့အဖွဲ့အစည်းဟာ စိတ်ကူးယာဉ် သိပ္ပံရုပ်ရှင်တွေထဲကထက် ပိုမို ဆန်းကြယ်စွာဖွံ့ဖြိုးလာမှာပါ။
Copy from Aung That Paing Oo (မြန်မာ့ သိပ္ပံသုတ)
No comments:
Post a Comment