Monday, July 21, 2014
CV နဲ့ Cover Letter ဘယ်လိုရေးရင် ကောင်းမလဲ ( ဒေါက်တာ အောင်မျိုး )
letter ရေးနည်းအကြောင်းပြောပြချင်တယ်၊ဘာလို.လဲဆိုတော.CV ဟာကိုယ်ရဲ.အရည်အချင်း၊အတွေ.အကြုံ၊ကျွမ်းကျင်မှုတွေကိုပြောပြမဲ.အလွန်အရေးကြီး document မှတ်တမ်းတခုပါ။
(CV ဟာမိမိအကြောင်း အသေးစိတ်ဖော်ပြတာဖြစ် ပြီးacademic institute တွေ၊Scholarship programme တွေမှာပိုသုံးတယ်၊အလုပ်အတွက်ကတော.အကျဉ်းချုပ်ရေးထားတဲ. Resume ဆိုလုံလောက်ပါတယ်၊ ဒါပေမယ်.ဒီမှာတော. အားလုံး နဲ. familiar ဖြစ်မဲ. CV လို.သုံးနှုန်းပါ.မယ်)
            အလုပ်စလျှောက်တဲ.အခါမှာဖြစ်ဖြစ်၊အလုပ်ထဲမှာpromotion အတွက်ပဲဖြစ်ဖြစ်၊ scholarship  လျှောက်တဲ.နေရာမှာဘဲဖြစ်ဖြစ်  CV ဟာ သိပ်အရေးကြီးပါတယ်၊ ကိုယ်.အရည်အချင်းကို ရွေးချယ်မဲ.သူသိအောင် စပြီးပြောပြနိုင်တဲ. Document ပဲပေါ.၊
           လူ လူချင်းတွေ. ရင် first impression ပထမဆုံး ကိုယ်အပေါ် သူ.ရဲ.အထင်အမြင်ကအရေးကြီးတယ်ဆိုရင် လူချင်းမတွေ.ခင် မိမိကိုရွေးချယ်မဲ.သူဖတ်မဲ.CV ဟာ အထင်အမြင်သိပ်ကောင်းနေဖို.လိုတာပေါ.၊ကိုယ် ရဲ.CV ဖတ်ပြီးတာနဲ.ကိုယ်.ကို interview ခေါ်ချင်စိတ်၊အလုပ်ခန်.ချင်စိတ်၊Scholarship ပေးလိုစိတ် ပေါက်သွားအောင်ရေးရမှာ။
အဲဒီလိုCV မျိုး၊ Cover letter မျိုး ဘယ်လိုရေးမလဲ?
           အခုတော.ပြောင်းလဲနေပြီလား မသိဘူး၊အရင်တုန်းကတော. CV ရေးဖို.လိုရင် မိတ်တူဆိုင်၊ကွန်ပြူတာဆိုင်က form ယူ ပြီး ဖြည်.ချင်ရင်ဖြည်.၊ပိုသပ်သပ်ရပ်ရပ် ဖြစ်စေချင်ရင် ကွန်ပြူတာစာစီခိုင်းလိုက်တာပေါ.၊ အမည်၊မွေးသကရစ်၊ လုမျိုး။ ဘာသာ၊ဖခင်အမည်…အစရှိ တဲ. ready-made ပုံစံကိုဖြည်.လိုက်တာပါပဲ။
          အရင်ကကိုယ်တိုင်လဲအလုပ်ရှာခဲ.။အခုလူတွေကိုအလုပ်ခန်.တော.မှ..လူမျိုးတို.၊ဘာသာတို.ဆိုတာ အရေးမှမကြီးပဲ၊ဘယ်လူမျိုး။ဘယ်ဘာသာမဆို ကိုယ်.အလုပ်အတွက်အရည်အချင်းရှိတဲ.သူဆို အလုပ်ခန်.မှာပဲ၊ အဖေအမည်ဆိုပိုတောင်မှ မသိချင်သေးတယ်။လွန်ခဲ.တဲ.နှစ်တွေက ကျနော.ဋ္ဌာနမှာ ဒေသဆိုင်ရာ မန်နေဂျာတယောက်နဲ.ကင်ဆာဆရာဝန်တယောက် လို်.တော. မန်နေဂျာရာထူးအတွက် မွန်ဘိုင်း(ဘုံဘေ)ကတယောက် နဲ. ကင်ဆာပညာရှင် ရာထူးအတွက် တရုတ်ပြည်က ကင်ဆာအထူးကုဖြစ်ပြီး စင်္ကာပူက PhD ရထားတဲ.သူတယောက် ကို ကျနော် ခန်.ခဲ.တယ်၊ လူမျိုး၊ဘာသာတွေ အရေးမကြီးပါဘူး၊အခြားဋ္ဌာနတွေ၊companyတွေမှာ လဲ ဒီလိုဘဲ၊ကိုယ်လိုချင်တဲ. အရည်အချင်းရှိရင်အလုပ်ခန်.မှာပဲ။
            ပြောချင်တာက…ကျနော်တို.ကမလို အပ်တဲ.အချက်အလက်တွေအတွက်အရေးကြီးတဲ.(ရွေးချယ်မဲ.သူ စဖတ်မဲ.) ပထမစာမျက်နှာ ရဲ. အပေါ် ပိုင်းတ၀က်လောက်ကိုဖြုန်းပစ်လိုက်တာ။
                အဲဒီတော.CV ကိုဘယ်လိုစရင်ကောင်းမလဲ?
ပထမ အမည်၊နောက်က ပညာရေး(ဘွဲ.)နဲ.ဆက်သွယ်ဖို.လိပ်စာ(ဖုန်းနံပါတ်)ရေးပြီးရင် summary of qualification and achievement(ကိုယ်.ရဲ.အရည်အချင်းနဲ.အောင်မြင်မှုအကျဉ်းချုပ်)ကို စရေးပါ၊ သိပ်အရေးကြီးပါတယ်၊ တကယ်တော.အလုပ်ရှင်ဖြစ်ဖြစ်၊scholarship ပေးမဲ. university ကဖြစ်ဖြစ် ဒါကိုသိချင်တာ။ ကိုယ်ရဲ.အလုပ်အတွက် လူမှန်နေရာမှန်ဖြစ်ပါ.မလားဆိုတာ စသိချင်တာ၊ မဟုတ်ရင် ရေရှည်မှာသူရော၊ကိုယ်ရောစိတ်ဆင်းရဲရမှာ။
           အဲဒီတော. Summary of qualification and achievement ရေးရင် ကိုယ်.ရဲ. အရည်အချင်း၊အောင်မြင်မှု တခုစီကို bullet point တခု(စာကြောင်းတကြောင်းနဲ.)တိုတိုရှင်းရှင်းရေးပါ။၎/၅ ခုလောက်ပေါ.။
အရေးကြီးဆုံးက အဲဒီ summary မှာ ဘာတွေရေးရမလဲဆိုတာပဲ။
               တကယ်ရေးရမှာ က Achievement-based  မိမိအောင်မြင်မှုတွေကိုအခြေခံတဲ.CV မျိုး၊ summary မျိုးရေးရမှာ၊ ဘာလုပ်ခဲ.တယ်ဆိုတာထက် result-orientated ဘယ်လို result အောင်မြင်မှု တွေရအောင်လုပ်နိုင်ခဲ.တယ် ဆိုတာကို နိုင်ငံတကာမှာ ပိုတန်ဖိုးထားတယ်၊ ဥပမာ..စတိုးဆိုင်မှာ အရောင်းဝန်ထမ်း လုပ်ခဲ.တယ်ဆိုရင် ကိုယ်.ကြောင်. တနှစ်မှာ ဘယ်လောက်ရောင်းအားတက်လာတယ်၊ ဖောက်သည်ဘယ်လောက်တိုးအောင်လုပ်နိုင်ခဲ.တယ်.အစရှိသဖြင်.ပေါ.။
            အဲဒီတော့ကိုယ်ဖက်က အဲဒီလို ရေးပြနိုင်ဖို့ ပဲလိုတာပေါ့ ၊အချိန်တခုပေးပြီး ငါဘာအောင်မြင်မှုတွေ၊ ရလာဒ်တွေရခဲ့ သလဲဆိုတာ စတွေးရ၊စအားထုတ်ရမှာပေါ.။
          ကျနော် အလုပ်ရှာတုန်းက ဒီ summary ကိုရေးတော. ၅ ရက်လောက်ကြာတယ်၊ ငါ့မှာဘာအောင်မြင်မှုတွေ ရခဲ.သလဲဆိုတာ တွေးလိုက်၊ရေးလိုက်၊ ပြင်လိုက်၊ပြန်ရေးလိုက်နဲ.ပေါ.၊ မြန်မာပြည်ကဆေးရုံ၎ခုမှာ ၁၀နှစ်ကျော်လောက်(နောက်ဆုံးရန်ကုန်ဆေးရုံကြီး၊ကင်ဆာဋ္ဌာနမှာလဲ၅ နှစ်ကျော်လောက်) အလုပ်လုပ်ခဲ.ပါရဲ.၊လူနာတွေကုလိုက်ရတာလဲ အမြောက်အမြား၊ result ရလာဒ် စဉ်းစားကြည့်တော့ စဉ်းစားရ တော်တော်ခက်တယ်၊ ဘာလို.လဲ ဆိုတော. ကျနော်တို.ဆီမှာ result ရလာဒ် တွေကို တို်င်းတာတဲ. စနစ် Metrics တွေ၊ KPI(Key Performance Indicator)တွေက မဖွံ့ ဖြိုးတော. တိတိကျကျပြောရတာမလွယ်ဘူး။ ဒီဖက်မှာတော. အလုပ်တိုင်းရဲ. Result ရလာဒ်ကိုရအောင်တိုင်းတယ်၊ တဦးချင်းရဲ.အောင်မြင်မှုတွေ ကိုဆန်းစစ်တဲ.performance appraisal ဆိုတာလဲနှစ်တိုင်းလုပ်ရတယ်။ (ဒီအကြောင်း တွေကိုနောက်မှ.. ”လူကြီးတွေဖတ်ဖို.” ဆိုပြီးရေးအုန်းမယ်)
            ဒါပေမယ့်ကျနော်ပြောရဲတယ်၊အလုပ်လုပ်နေတဲ.သူတွေအားလုံးမှာအောင်မြင်တဲ့result ရလာဒ် တခုမဟုတ်၊တခု တော့ရှိတယ်၊ကျနော်တို့ စနစ်တကျတွေးမထားလို့ သာ။ဘွဲ.ရခါစ လူငယ်တွေဆိုရင်လဲ ကျောင်းတုန်းက ဘာသာရပ်တွေ မှာ၊ကျောင်းတွင်း၊ကျောင်းပြင် လုပ်ခဲ့တဲ့ activity တွေမှာအောင်မြင်မှုresult တွေရှိခဲ.လိမ်.မယ်၊ အနည်းဆုံး ၅ ရက်..တပတ်လောက်တော့တွေးကြည့် ၊ ရေးပြစရာ အောင်မြင်မှုတွေတွေ့  လာလိမ်.မယ်၊
           ဒီနေရာမှာ အရေးကြီးတဲ့ အချက်၂ချက်ကို အလေးထားပြောချင်တယ်……
            ပထမအချက်က ကိုယ်ကျွမ်းကျင်တဲ အလုပ် ၊ကိုယ်လဲအမှန်တကယ်စိတ်စားတဲ့  အလုပ် ကိုရှာပါ၊ (အလုပ်ရချင်ဇောနဲ့ ကိုယ်စိတ်မ၀င်စားတဲ့ အလုပ်သွားမလျှောက်န၊ဲ့ အလုပ်လုပ်ရတာလဲ မပျော်၊ရှေ့ ဆက်လဲ တက်လမ်းရှိ မှာမဟုတ်ဘူး) ပြီးတော့ ကိုယ်လျှောက်မဲ.အလုပ် နဲ့ ဆက်စပ်တဲ့  အရည်အချင်း နဲ.အောင်မြင်မှုတွေ ကို Summary မှရေး ပါ။ ဥပမာ..ကိုယ်ကကွန်ပြူတာလဲ ကောင်းကောင်းသုံးတတ်တယ်၊ ဘောလုံးကန်လဲ တော်တယ်ဆိုပါဆို.၊ကိုယ်လျှောက်မဲ. အလုပ်ကရုံးလုပ်ငန်းဖြစ်ပြီး ကွန်ပြူတာသုံးဖို့ လိုနိုင်တယ်ဆိုရင် summary မှာကွန်ပြူတာသုံးတတ်တာကောင်းကောင်း အလေးထားရေးပါ၊ ဘောလုံးကိုတော့ နောက်ရေးမဲ.other skills အခြားကျွမ်းကျင်မှုများ နေရာမှာထဲ.ပေါ.။ တကယ်လို့ ကိုယ်လျှောက်မဲ.အလုပ်က အားကစားနဲ. ပတ်သက်ရင်တော့ ဘောလုံးကန်တော်တာ summary မှာ အလေးပေးရေးပေါ့၊ဒါကြောင်. မိမိရဲ.CV ကို လျှောက်မဲ့အလုပ်နဲ့  ဆီလျှော်အောင်ရေးနိုင်ဖို့  သိပ်အရေးကြီးတယ်၊ CV ကို လျှောက်မဲ့အလုပ်နဲ ကိုက်ညီအောင် ပြုပြင်နေဖို.လိုမယ်၊CV တစောင်ရေးပြီး အလုပ်အားလုံး ကို တပုံစံထဲလိုက်လျှောက်နေလို.တော့ အလုပ်ရှင်ချက်ချင်းခန့် ချင်တဲ့ CV မျိုးဖြစ်မှာမဟုတ်ဘူး။
           ဒုတိယအချက် က.. ဘွဲ.ရကာစလူငယ်တွေ(fresh graduate ) အတွက်ပါ။ ငါတို.ကအခုမှကျောင်းပြီးတာ၊ ဘာအတွေ.အကြုံမှလဲမရှိဘူး၊ အလုပ်ရဖို. မလွယ်လောက်ပါဘူး လို.စိတ်ဓါတ်မကျနဲ့ ။တချို.အလုပ်တွေ၊ အလုပ်ရှင်တွေ က fresh graduate ကို အချို့ အလုပ်တွေ (ဥပမာ..ကျွမ်းကျင်မှု သိပ်မလိုတဲ.အလုပ်တွေ) မှာခန့် ဖို.စိတ်ဝင်စားကြတယ်၊ အလုပ်သင်သဘောပေါ.၊ လစာကတော့အစမှာနဲနိုင်တယ်၊ ဒါပေမယ့်  နောက်တော့ ကြိုးစားမှုပေါ်မူတည်ပြီး ရာထူးတွေဆက်တက် သွားတာပါပဲ၊ တကယ်လဲကောင်းပါတယ်၊ အတွေ.အကြုံသိပ်မရှိသေးခင်မှာလစာလဲရ၊ပညာလဲရပေါ ။၊လွန်ခဲ.တဲ.၃နှစ်လောက် က စင်္ကာပူ MDIS Management Institute က ကျောင်းပြီးကာစ စင်္ကာပူသူလေးတယောက်ကို ကျနော်ဆီမှာ သုတေသန လက်ထောက်အဖြစ် ခန်.ဖူးတယ်၊သူကလဲတော်ပါတယ်၊ အလုပ်လဲ ကြိုး ကြိုးစားစား ရှိတော.သင်လွယ်၊တတ်လွယ်တယ်၊ အခုတော.နေရာကောင်းကောင်း၊လစာကောင်းကောင်းရနေပြီ။ ဒါကြောင်.fresh graduate တွေအားမလျှော့ နဲ့  ၊ ရိုးရိုးသားသား၊ကြိုးကြိုးစားစားသာလုပ်၊ဘာမှမအောင်မြင်စရာမရှိဘူး။
            Summary of qualification and achievement (ကိုယ်.ရဲ. အရည်အချင်းနဲ့ အာင်မြင်မှုအကျဉ်းချုပ်) အကြောင်း ကျနော် ပြောခဲ့တာတွေ ကိုပြန်ချုပ်ကြည့်ကြရအောင်။
      အဲဒီ Summary မှာအချက်၎/၅ ချက်လောက်ရေးပေးပါ၊ပထမ ၂ချက်၊၃ချက်က မိမိအလုပ်/ကျောင်း ကအရည်အချင်းနဲ. အောင်မြင်မှုတွေရေးပါ၊နောက်တချက် ကother relevant skills အခြားဆက်စပ်တဲ့ အရည်အချင်းတွေ(ဥပမာ..English,computer စသဖြင့်)၊နောက်ဆုံးအချက်က interpersonal skill လူလူချင်းဆက်ဆံရေးမှာအရေးပါတဲ.skills တွေ(ဥပမာ..organizing skill စည်းရုံးရေးကောင်း တဲ့ skillတို.၊ team work အဖွဲ့ အစည်းနဲ့ လုပ်ကိုင်တတ်တဲ့skillတို့ ပေါ)့၊အလုပ်ရှင်ဟာ အလုပ်ကအရည်အချင်းအပြင် အဲဒီလို လူမှုဆက်ဆံရေး skillကောင်းတဲ့သူတွေကိုပိုသဘောကျကြတယ်၊ဘာလို.လဲဆိုတော့ အလုပ်ဆိုတာ လူတွေနဲ့ လုပ်ရမှာမဟုတ်လား။
            ကဲ..အဲဒီတော. CVရေး ပြီဆိုရင်….
  • အမည်
  • ပညာရေး(ဘွဲ.၊ဒီဂရီ)
  • ဆက်သွယ်ဖို.လိပ်စာ(ဖုန်းနံပါတ်အပါအ၀င်)
  • summary of qualification and achievement(ကိုယ်.ရဲ.အရည်အချင်းနဲ. အောင်မြင်မှုအကျဉ်းချုပ်)ရေး ။
ပြီးရင် ရှေ့ ကရေးခဲ့ တဲ့ summary(အကျဉ်းချုပ်) ကိုအသေးစိတ် အကျယ်ရှင်းပြမဲ့...
  • Educational qualification(ပညာရေး-ဘွဲ့ ၊ဒီဂရီတို့ )၊
  • working experience(လုပ်ငန်းအတွေ့ အကြုံ)၊
  • other relevant skills(အခြားဆက်စပ်တဲ့ ကျွမ်းကျင်မှုတွေ)၊ 
  • referees (ကိုယ်ကိုထောက်ခံပေးမဲ့သူတယောက်၊၂ယောက်) ဆက်ရေးပေတော.။
(ပိုပြီး စဉ်းစားရ၊ရေးရတာလွယ်တဲ့နည်းက..ဒီအသေးစိတ်ရှင်းပြတာတွေကိုအရင်ချရေးကြည့်၊...ပြီးမှ summary(အကျဉ်းချုပ်) အတွက် ကိုယ်အလေးပေးပြောချင်တဲ့ point တွေပြန်စဉ်းစား၊ပြန်ရေး တဲ့နည်းပါပဲ။၊ရေးကြည့်ပါ၊လွယ်သွားပါလိမ့်မယ်။)
             Summary ကိုတောင်တော်တော်ကြိုက်နေပြီဖြစ်တဲ့ အလုပ်ရှင်ဟာ ဒီအသေးစိတ် အချက်အလက်တွေကို စိတ်ဝင်တစားဆက်ဖတ်လိမ့် မယ်၊ မပူနဲ.၊ ဒီလိုလူမျိုးဘယ်မှာလက်လွှတ်ခံပါ့မလဲ။
(ဒီတပတ်တော့ စာတော်တော်ရှည်သွားပြီ၊ နောက်တပတ်မှ CV format ပုံစံလေးနဲ့ Cover letter အကြောင်းဆက်ရေးပေးပါမယ်…)
အားလုံး ပျော်ရွှင်၊အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
Friday, July 18, 2014
" Quantum world ၏ အံ့ဖွယ်များကို နည်းပညာအတွက်အသုံးချခြင်း"
Quantum Mechanics ကိုလေ့လာသူတိုင်း နားမလည်စရာတွေ၊ အံ့သြဖွယ်တွေနဲ့ ရင်ဆိုင်ကြရပါတယ်။ သို့ပေမယ့် လူသားတွေကို ဒီအံ့ဖွယ်ဘာသာရပ်က ဘယ်လို အကျိုးပြုပါသလဲ?
မျက်မှောက်ခေတ် နည်းပညာအားလုံးဟာ quantum mechanics ဖွံ့ဖြိုးမှုနဲ့အတူ တိုးတက်လာတာဖြစ်ပါတယ်။ Modern Technology ရဲ့စတင်ရာ အားလုံးဟာ Quantum Mechanics ဖြစ်ပါတယ်။ ဆယ်တန်းမှာ Modern Physics အခန်းကို သေချာသင်ယူခဲ့သူအားလုံး သိမှာပါ။ Quantum world ရဲ့တွေ့ရှိမှုတွေကနေ diode,transistor,  integrated circuit စတဲ့ သေးငယ်ပြီးအသုံးဝင်လှတဲ့ လျှပ်စစ်ပစ္စည်းတွေ တည်ဆောက်နိုင်ခဲ့ကြတယ်။ ဒီအရာတွေကနေ Television, Computer, Radio, Telecommunication စတာအားလုံး "၊ သင် ယနေ့ မရှိမဖြစ်သုံးနေတဲ့ လျှပ်စစ်နဲ့ ပက်သက်သမျှအားလုံးဟာ  modern physics သို့မဟုတ် Quantum Mechanics ကနေ ဖွံ့ဖြိုးလာတာတွေပါ။
လေ့လာလေ တွေ့ရှိလေဆိုသလို particle တို့ရဲ့ ဆန်းပြတဲ့ အပြုအမူတွေကို လက်တွေ့နည်းပညာနယ်ပယ်မှာ အသုံးချနိုင်ဖို့ ကြိုးစားနေကြပါတယ်။
ဥပမာအားဖြင့် ဆက်သွယ်ရေးနည်းပညာဟာ entanglement ကြောင့် အဆမတန် ပိုမြန်လာနိုင်ခြေရှိပါတယ်။မကြာသေးခင်က တရုတ်သိပံ္ပပညာရှင်တွေဟာ entanglement ရဲ့ info transfer speed ကို တိုင်းတာခဲ့ပါတယ်။ သူတို့တိုင်းတာချက်ဟာ သိပ်မတိကျပေမယ့် entanglement ရဲ့ speed ကတော့ 3000 billion meter per secondပါတဲ့( အလင်း= 0.3 billion meter per second)။ အလင်းထက်အဆမတန် ပိုမြန်တဲ့ ဆက်သွယ်ရေးကို entangled particle တွေသုံးပြီး ဖန်တီးဖို့ ကြိုးစားစမ်းသပ်နေကြပါပြီ။ ဒါ့အပြင် entanglement ကို information အပြင်  energy ကို teleport လုပ်ရန်ပင် ကြံစည်နေကြပြီ ဖြစ်သည်။
သိပ္ပံ ဇာတ်လမ်းများတွင်တော့ လူတွေကိုယ်တိုင်ပါ teleport လုပ်နိုင်လောက် အောင် နည်းပညာမြင့် နေပြီ ဖြစ်သည် :P။လက်တွေ့မှာတော့ အထုအထည်နဲ့ ပစ္စည်းတွေကို teleport လုပ်နိုင်တဲ့ နည်းပညာကတော့ နှစ်ထောင်ချီကြာတောင် တွေ့ဖို့မလွယ်သေးပါ။ အဲလောက်မကြာခင်လည်း တွေ့ရင်တွေ့မှာပေါ့။ Who knows? ဒါပေမယ့်လူတွေ Entanglement ကိုသုံးပြီး အာကာသထဲမှာ အဝေးကြီး ခရီးသွားလာဖို့ကတော့ မဖြစ်နိုင်ပါ။ Teleport လုပ်နိုင်ဖို့ အတွက် ကိုယ်သွားမယ့် နေရာမှာ ကိုယ်နဲ့ အတိအကျ entangled ဖြစ်နေတဲ့ particle အားလုံးရှိနေဖို့ လိုပါတယ်။ Teleport လုပ်ဖို့ဒီ entangled particle တွေကိုယ် တစ်ခုခုနဲ့ ကိုယ်သွားမယ့်နေရာဆီ အရင်သယ်ဆောင်သွားဖို့လိုပါတယ်။ သယ်ဆောင်သွားမယ့် ယာဉ်က အလင်းထက် ဘယ်လိုလုပ်မြန်ပါ့မလဲ။ဒီတော့ entanglement သုံးပြီး အလင်းနှစ်အဝေးကြီးဆီက နေရာတွေကို ရောက်မှာ မဟုတ်ပါ။
သို့ပေမယ့် ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်၊ သို့မဟုတ် ကမ္ဘာပေါ်က ကြိုက်တဲ့ နေရာ ကို အချိန်မကုန်ဘဲ ချက်ချင်းသွားလာနိုင်မှာပေါ့။
နောက် တစ်ခုကတော့ " Quantum Computer" ပါ။
Computer တွေရဲ့ မူလ အခြေခံဟာ 0 သို့မဟုတ် 1 ဆိုတဲ့ binary digit နဲ့ တည်ဆောက် ထားတဲ့ logic gate များဖြစ်ပါတယ်။  signal ဟာ 0 or 1 ကို တလှည့်စီသာ သွားရပါတယ်။Quantum computer တွေမှာတော့ particle တွေရဲ့ တစ်ချိန်တည်းနေရာအနှံ့ရှိနေမှုကို သုံးပြီးတော့ 0 and 1 ကို တစ်ပြိုက်တည်း သွားပါတယ်။ နှစ်ကိုယ်ခွဲလိုက်သလို မျိုးပေါ့။ ဒီ အခြေခံ binary digit နှစ်ခုထဲကို တပြိုက်တည်းသွားသလို မြင့်မားတဲ့ 8 bit , 16 bit များကိုယ်လည်း တပြိုင်တည်း တွက်နိုင်စွမ်းရှိပါသတဲ့။ အဲတော့ Quantum Computer ရဲ့ CPU speed ကို ခန့်မှန်းနိုင်မယ် ထင်ပါတယ်။ Computer ရဲ့ calculation ပိုင်းကို superposition ကိုသုံးသလို data bus transfer ပိုင်းကိုလည်း " Entanglement" ကို သုံးထားပါတယ်။ ဒီတော့ data စီးဆင်းမှုဟာလည်း ဘယ်လောက်မြန်ဆန်မလည်း သိနိုင်မှာပါ။
Quantum Computer တွေကို ပထမဆုံးအနေနဲ့ MIT က သိပံ္ပပညာရှင် Seith Lloyd ကဦးဆောင် ဖန်တီးနေတာပါ။ အခုတော့ IBM, Google စတဲ့ နည်းပညာ companies တွေလည်း စမ်းသပ်ဖန်တီးနေပြီ ဖြစ်ပါတယ်။ သို့ပေမယ့်  အခြေခံ  binary digit ကနေအသစ် ပြန်လည် ဖန်တီး design ထုတ်ရတာဆိုတော့ Computer တွေကို စဦးတီထွင်ကာစကလိုပဲ ယနေ့သုံးနေတဲ့ computer တွေအဆင့်အထိ မတက်လှန်းနိုင်သေးပါဘူး။ 8 bit processing လောက်အထိသာ လုပ်နိုင်သေးပါတယ်
( ကျွန်တော်ကြားသလောက်)။ ဒါပေမယ့် နည်းပညာဆိုတာ အချိန်နဲ့ အမျှ တိုးတက်နေတာဆိုတော့ နောက် တစ်နှစ်နှစ်နှစ်အတွင်း ရနိုင်မလားဆိုတာတောင် ဘယ်သူမှ မပြောနိုင်ပါဘူး။ Quantum bit ကို အသုံးပြုတဲ့ computer တွေသာ ပေါ်ထွန်းလာခဲ့ရင် computer သမိုင်းကြောင်းက တစ်ခေတ်ဆန်းစေမှာပါ။ အိမ်သုံး computer လေးရဲ့ စွမ်းရည်ကတောင် ယနေ့အမြန်ဆုံး super computer ကြီးတွေလောက် ရှိနေမှာပါ။ဒီလိုပါပဲ ၁၉၆၀ တုန်းက American လေတပ်အခြေစိုက်စခန်းတစ်ခုရဲ့ computer စွမ်းရည်ပေါင်းဟာ ယနေ့ခေတ် iphone တစ်လုံးရဲ့ စွမ်းရည်နဲ့ အတူတူပါပဲ( ဒါတောင် 4s နော်)။နောင်ကိုလည်း အိမ်သုံး computer တစ်လုံးစွမ်းရည်ဟာ Google server ကြီးတစ်ခုစာလောက် မဖြစ်လာဘူးလို့ မပြောနိုင်ပါဘူး။
Quantum world ရဲ့ ဆန်းကြယ်မှုတွေကို လက်တွေ့မှာ အသုံးချနိုင်မယ်ဆိုရင် လူ့အဖွဲ့အစည်းဟာ စိတ်ကူးယာဉ် သိပ္ပံရုပ်ရှင်တွေထဲကထက် ပိုမို ဆန်းကြယ်စွာဖွံ့ဖြိုးလာမှာပါ။
Copy from Aung That Paing Oo (မြန်မာ့ သိပ္ပံသုတ)